သတင်းများ

ဝန်းသိုမြို့နယ်တွင် ရေရရှိရေးလုပ်ငန်းနှင့် (VDP) စီမံကိန်းလုပ်ငန်းများ ကွင်းဆင်း စစ်ဆေး
Jun 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရရှိရေးလုပ်ငန်းဆောင် ရွက်နေသည့် ကျူ‌တော ကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် (VDP)ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေဖြင့် မှန်လွှဲကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ပုတိမ်ကုန်းကျေးရွာတွင် ရွာတွင်းလမ်းများ ကျောက်ရောမြေနှင့် ဂျင်းမြေခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဌာနအင်ဂျင်နီယာတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။
ငဖဲမြို့နယ်၌ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများဖွင့်လှစ်သင်ကြားလျက်ရှိ
Jun 02,2021
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အခြေခံ ပညာ ကျောင်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဇွန်လ ၁ ရက်နေ့နံနက်ပိုင်းကစတင်၍ ဖွင့်လှစ် သင်ကြားလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ ဦးအောင်သိန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး စိန်သောင်း နှင့်တာဝန်ရှိသူများက လိုက်လံ ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
ပခုက္ကူမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲတွင် ရဟန်း၊ သံဃာ၊ သီလရှင်ပေါင်း(၆၀)ပါးဝင်ရောက်ဖြေဆို
Jun 02,2021
ပခုက္ကူမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲအတွက် အမှတ်၃ရပ်ကွက်၊ ထင်းတန်းလမ်းရှိ ပရိယတ္တိစာ‌ဖြေဆောင်တွင် စာဖြေဌာနဖွင့်လှစ်ကာ ဇွန်၁ ရက်နေ့လယ် ၁၂ နာရီက ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ရဟန်း ၊ သံဃာ၊ သီလရှင်တို့စတင်ဖြေဆိုသည်။
ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တွင် မိုးစတင်ရွာသွန်း မြေပဲများစတင်စိုက်ပျိုး
Jun 02,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးစတင်ရွသွန်ခြင်းနှင့်အတူ မြေပဲများစတင် စိုက်ပျိုးနေကြပြီ ဖြစ်ကြောင်း အရှေ့ပုလင်းကျေးရွာ မြေပဲစိုက်တောင်သူ ဒေါ်အောင်မြို့ထံက သိရသည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး (COVID-19) ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jun 02,2021
မကွေးတိုင်းဒေသကြီး (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက် အမှာ စကားပြောကြားသည်။
ကျောက်ပန်းတောင်းမြို့တွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပ
Jun 02,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို၊ ယမန်နေ့ ညနေ(၄)နာရီက ကျောက်ပန်းတောင်းမြို့နယ် အားကစားကွင်းတွင်ကျင်းပခဲ့ရာ၊ ညောင်ဦးမြို့နယ် အမျိုးသမီးအသင်းနှင့် ကျောက်ပန်းတောင်းမြို့နယ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး၊ တစ်ဖက်(၂)ဂိုးစီဖြင့်  ပွဲပြီးဆုံးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား COVID-19 ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Jun 02,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏား ကျွန်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက်ရှိ ပြည်များအား COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်ကို မြို့နယ်ပြည်သူ့ ဆေးရုံခန်းမဆောင်၌ ဇွန်လ(၁)ရက်၊ နံနက် (၁၀)နာရီက စတင်ကာ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ပြည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ တက်ရောက် ပညာသင် ယူလျက်ရှိ
Jun 02,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ဇွန်၁ရက်နေ့ ယနေ့နံနက်ပိုင်းကစတင်၍ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် အခြေခံ ပညာကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်းနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် ပညာ သင်ယူလျက်ရှိကြောင်း သိရသည်။