ငပုတော ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နေမှုအခြေအနေ များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များက ယမန်နေ့နံနက်၁၀နာရီတွင် လိုက်လံကြည့်ရှူစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာဆောင်ရွက်ထားမှုအခြေအနေများ၊ကျောင်းသား၊ကျောင်းသူများပညာသင်ကြားရာတွင် အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးချထားမှုအခြေအနေများ၊ ပညာသင်ကြားရာ တွင် နှောင့်ယှက်ခြိမ်းခြောက်ခြင်းများရှိပါက အခြေခံပညာဦးစီးဌာနနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနများသို့ အချိန်မရွေးအကြောင်းကြားဆက်သွယ်နိုင်ကြောင်း အသိပေးပြောကြားပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကာ အခြေခံပညာကျောင်းများမှကျောင်းအုပ်အုပ်ကြီးများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖွင့်လှစ်မှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့နှစ်ဖွဲ့ခွဲ၍ လိုက်လံစစ်ဆေးသွားမည်ဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူဦးဆောင်သောအဖွဲ့(၁)က အရှေ့ပိုင်းရပ်ကွက်၊တောင်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်နှင့်ကံကွင်းကျေးရွာအုပ်စုရှိအခြေခံပညာကျောင်းများသို့လည်းကောင်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်(၂)ဦးသန်းဦး ဦးဆောင်သောအဖွဲ့(၂)က မြောက်ပိုင်းရပ်ကွက်၊အရှေ့ပိုင်းရပ်ကွက်၊ တံခွန်တိုင်ရွာ၊ဖျန်ရေကျော်၊သက္ကယ်ချောင်းရွာနှင့်ကံစုရွာများရှိအခြေခံပညာကျောင်းများသို့လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်ဆေးရန်ကျန်ရှိနေသည့်ကျောင်းများအား ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)