နေပြည်တော် ဇွန် ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီး အရာရှိ ဒေါ်ဆွေဆွေမိုးက ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဥတ္တရခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ခေတ္တခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းက ပန်းခင်းစီမံချက်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန် ချက်နှင့် အညီ ၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်အရ နေထိုင်မှုပုံစံများအလိုက် နည်းလမ်း(၄)သွယ်ဖြင့် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်မှုအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်နေလျက်ရှိသကဲ့သို့ ပြည်သူများအနေဖြင့်လည်း စီမံချက် အောင်မြင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အောင်ကို(ပြန်/ဆက်)