ရေကြည် ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာဦးစီး ဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီအပူ တိုင်းတာခြင်း၊ လက်ဆေးစေခြင်းနှင့် နှာခေါင်းစည်းများ တပ်ဆင်ရန် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး အခြေခံပညာအထက်ကျောင်း(မြို့မ)တွင် အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၃၅၆) ဦး တက်ရောက်လျက် ရှိပြီး ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)