သတင်းများ

ဥတ္တရသီရိ တပ်နယ်အတွင်းရှိ အရာရှိ/စစ်သည် မိသားစုဝင်များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Jun 01,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း မှစတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိတပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ/စစ်သည်မိသားစုဝင်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့၌ အခြေခံပညာကျောင်းများဖွင့်လှစ်သင်ကြားနေမှုအား လှည့်လည်ကြည့်ရှု
Jun 01,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့ နံနက်ပိုင်းက စတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိရာ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြား နေမှုအား ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ‌ အောင်ကျော်မင်းသည် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့်အတူ လှည့်လည်ကြည့်ရှုကြသည်။
မိတ္ထီလာမြို့တွင် အစိုးရဓမ္မာစရိယစာမေးပွဲကျင်းပ
Jun 01,2021
မိတ္ထီလာမြို့တွင် ၂ဝ၂၁ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့မွန်းတည့်၁၂ နာရီအချိန်က အထက(၁) ဒက္ခိဏအဆောင်တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
မတ္တရာမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ အားလုံးကို နိုင်ငံအဝန်း၌ ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ရှိ အခြေခံပညာ ကျောင်းများကိုလည်း ယနေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြား ပေးနေပြီဖြစ်ကြောင်း သိရသည်။
သံတွဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်
Jun 01,2021
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက် ၉ နာရီမှစတင်၍ ပုံမှန် အတိုင်းပြန်လည်ဖွင့်လှစ် ပညာသင်ကြားလျက်ရှိသည်။
တာချီလိတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မှုအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး
Jun 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မှုအား တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့ တွင်လက်လုပ်ဗုံး(၂)လုံးပေါက်ကွဲမှုဖြစ်ပွား
Jun 01,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် ယမန်နေ့ည(၇)နာရီအချိန်က မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွင် လက်လုပ်မိုင်းဟုယူဆရသော အရာတစ်ခု ပေါက်ကွဲခဲ့ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးရှိ မီတာကောက်ခံကောင်တာ (၁၀)ပေပတ်လည် နံရံကပ်သွပ်မိုး အဆောက်အဦ၏ ပြူတင်းပေါက်မှန်(၄)ချပ် ကွဲခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပ
Jun 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျိုင်းတုံစာဖြေဌာန၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။