ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လေပြင်းတိုက်၍ သစ်ပင်လဲကျမှုဖြစ်ပွား

ဒဂုံအရှေ့ ဇွန်  ၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံ​မြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ယမန်နေ့က လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ်(၁)ရပ်ကွက်၊ မဟေသီလမ်းတွင် သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်များလဲကျခြင်းကို မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာမှ တာဝန်ရှိသူများက ပြည်သူများအန္တရာယ် မဖြစ်စေရန်အတွက် အချိန်နှင့်တပြေးညီ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။ မိုးရာသီတွင် မိုးသည်းထန်စွာ ရွာပြီး လေပြင်းတိုက်မှုကြောင့် အန္တရာယ်ဖြစ်ပေါ်ပါက ကူညီပေးနိုင်ရန်အတွက ်မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တပြေးညီ အကြောင်းကြားရန် လိုအပ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှလည်း ပြောကြားခဲ့သည်။

အေးမဥ္ဇူ