သတင်းများ

မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 18,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ တွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
သနပ်ပင်မြို့နယ် ကျိုက်ပဒိုင်ရေလွှဲပေါက်၌ ၂ လက်မအရွယ် ငါကောင်ရေ ၂၆၀၀၀၀ ငါးမျိုးစိုက်ထည့်
Jun 18,2021
စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်ဆောင်ရွက်လျက်ရှိသော ၂‌၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ငါးသယံဇာတမပြုန်းတီးရေး ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က သနပ်ပင်မြို့နယ် ကျိူက်ပဒိုင်လေးကျေးရွာ ကျိုက်ပဒိုင်ရေလွှဲ ပေါက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အုတ်ရေနုတ်မြောင်းအသစ်များ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်
Jun 18,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် မြို့နယ်သန့်ရှင်းသာယာ လှပစေရေး၊ စိမ်းလန်းစိုပြေရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင် တိုးချဲ့ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိရာ အမှတ်(၂)ရပ်ကွက် မင်းဘူးလမ်းနှင့် လယ်ဦးစုလမ်း ရေနုတ်မြောင်းအား အုတ်ရေမြောင်းအသစ် ပြုလုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပညာရေးဝန်ထမ်းများအား ပထမအကြိမ် စတင်ထိုးနှံပေး
Jun 18,2021
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွဗကိုစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပညာရေးဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းကစတင်၍ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း မြို့င် နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Jun 18,2021

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၁:၀၀ အချိန်က ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း ကျင်းပပြုလုပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် Mask Campaign  ဆက်လက်ဆောင်ရွက်
Jun 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ  မြို့နယ်အရန်မီးသတ်တပ်ရင်းသည် စေတနာရှင် ပြည်သူများနှင့်ပူးပေါင်းကာ နှာခေါင်းစည်း Mask အခမဲ့ ဖြန့်ဝေပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၇ နာရီခွဲက ဆောင်ရွက်ကြသည်။
ရွှေကျင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်၀န်း) Sub project များအား ကွင်းဆင်းစစ်ဆေး
Jun 18,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပဲခူးတိုင်း ဒေသကြီး ရွှေကျင်မြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) Sub project များအား ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့အဝင်လမ်းဆုံ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
Jun 18,2021
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့အဝင် ရွှေဘုန်းရှိန်ဘုရားရှေ့လမ်းဆုံ၌ ယနေ့နံနက်ပိုင်းမှ စတင်ကာကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။