ဆင်ပေါင်ဝဲ ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ခွင့်ပြုငွေကျပ် (၇၅၀၀၀၀၀/-) ခုနှစ်ဆယ့်ငါးသိန်းဖြင့် ဆောင်ရွက်လျက်ရှိသော အမှတ်(၁)ရပ်ကွက်၊ ကမ္ဘာအေးကွက်သစ်(၁)လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအမှတ်(၁)ရပ်ကွက်၊ ကမ္ဘာအေးကွက်သစ်(၁) လမ်းအား အရှည်(၃၇၀)ပေ၊ အကျယ် (၁၂)ပေ၊ အမြင့်(၈) လက်မရှိသော ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေး ရန်ပုံ ငွေကျပ် (၇၅၀၀၀၀၀/-) ခုနှစ်ဆယ့်ငါးသိန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဇွန်လ(၁၀)ရက်နေ့မှစတင်၍ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။
ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပြည်သူများ လမ်းသွားလမ်းလာ ကောင်းမွန် စေရေး အတွက် မြို့ပေါ်ရပ်ကွက်ရှိလမ်းများအား ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် ပေးခြင်း၊ မိုးတွင်းကာလ တွင် လမ်းများပျက်စီးမှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်ရေ မြောင်းတူးဖော်ခြင်းလုပ်ငန်း များအား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေး ကော်မတီ ခေတ္တအမှုဆောင်အရာရှိ ဦးအောင်ကျော် မင်းထံမှ သိရသည်။
ချိုချိုဝင်း