Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းအနေဖြင့် အသိပေးနှိုးဆော်ချက် ကြော်ငြာထားရှိ ဆောင်ရွက်

ပဲခူး ဇွန် ၁၈

ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ဘူတာ(၃)လမ်းစျေးအနီး Covid-19 ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းအနေဖြင့် နေ့စဉ် (၁၆:၀၀)နာရီအချိန်မှစ၍ လုံးဝစျေးရောင်းချခြင်းမပြုရန် အသိပေး နှိုးဆော်ချက် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ပဲခူးမြို့အတွင်း Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိရာ ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရာ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိမှုများပြားလာပါ သဖြင့် တိုင်းဒေသကြီး Covid-19 ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၊ ဘူတာ(၃)လမ်းတစ်လျှောက် ရှိ ပျံကျစျေးများကြောင့် လူစုလူဝေးများ ဖြစ်ပေါ်နေပါသဖြင့် နေ့စဉ် (၁၆:၀၀)နာရီအချိန်မှစ၍ လုံးဝ (လုံးဝ)စျေးရောင်းချခြင်း မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ပါကြောင်း ပဲခူးမြို့နယ် Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားကြောင်း သိရသည်။

မျိုးငြိမ်း