သတင်းများ

ရွှေတောင်မြို့နယ်တွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask တပ်ဆင်သွား လာစေရန် ယနေ့ နံနက်(၇)နာရီအချိန်က လူစည်ကားရာ ရွှေတောင်မြို့မဈေးကြီး အနီးလမ်းမတွင် ပုံမှန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ ကန်ကြီးရပ်ကွက်ရှိ ရွှေဘုံသာမိုးကောင်းဘုရားကြီးတွင် ဆွမ်းဆန်စိမ်း လောင်းလှူ
Jun 18,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့ ကန်ကြီးရပ်ကွက်ရှိ ရွှေဘုံသာမိုးကောင်း ဘုရားကြီးတွင် ယမန်နေ့ညနေ (၄) နာရီအချိန်ခန့်က စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပခဲ့သည်။
လင်းခေးတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 18,2021
 လင်းခေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကိုဗစ်-၁၉ရောဂါကာကွယ် ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက်က လင်းခေးမြို့၊ ယာယီ ကုန်စိမ်းဈေး၌ သွားလာလှုပ်ရှားလျက်ရှိသည့် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ ကြကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် (၁၁) ရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၁၅၁)ဦးရှိ
Jun 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဖျားနာ (သံသယ) လူနာ တို့အား ကိုဗစ်ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် ဇွန်လ ၇ ရက်နေ့က စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၃)ဦးတွေ့ရှိခဲ့ရာမှ ၎င်းတို့နှင့် ထိတွေ့သူများ သံသယ လူနာများကို စစ်ဆေးခဲ့ရာ ယနေ့အထိ ပိုးတွေ့လူနာ(၁၅၁)ဦးရှိပြီး နှစ်ဦးသေဆုံးပြီဖြစ်ကြောင်း သိရ သည်။
နတ်မောက်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်   
Jun 18,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ  နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်ကနတ်မောက်မြို့နယ် ကျောက်တန်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
နာဂဒေသ၊ လဟယ်မြို့နယ် တိုက်ရံ၊ အံ့ပေါ်လွင်ပြင်ရှိ အဆင့်မြင့်လယ်ယာများ ရာသီချိန်မီ မိုးစပါးစိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jun 18,2021
စစ်ကိုင်း‌တိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် တိုက်ရံ၊ အံ့ပေါ် ကျေးရွာရှိလွင်ပြင်တွင် အဆင့်မြင့်လယ်ယာများ ဖော်ထုတ်ပေးခဲ့ရာ ရာသီချိန်မီမိုးစပါး စိုက်ပျိုး နိုင်ရေး သက်ဆိုင်ရာဌာနများက ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိသည်။
မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ဘဝတစ်ခုစီမံမှု စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jun 18,2021
စာဖတ်သူမှာ ကောင်းကျိုးရလာဒ် ဝေဆာစေချင်သည့် စေတနာဖြင့်ရေးသားထားသည့် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ၏ ဘဝတစ်ခုစီမံမှုစာအုပ်အား ယမန်နေ့မွန်းလွဲ ၁:၀၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။