ဂွမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

 

ဂွ         ဇွန်      ၁၈

 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ယနေ့ နံနက်()နာရီ တွင်မြို့ပေါ် သုံးရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

 

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး (ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေး ခပ်ခြင်း) လုပ်ငန်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှမြို့နယ်အုပ်ချုပ်ရေး မှူးဦးဇာနည် ကျော်ကဦးဆောင်၍  ဌာနဆိုင်ရာများဖြစ်သောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာ ယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တို့မှတာဝန်ရှိသူ များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း ၍မြို့ပေါ်သုံး ရပ်ကွက်ရှိပြည်သူ များနေထိုင်ရာအိမ်များတွင်အုတ်ရေကန်၊ ဘုရားညောင်ရေအိုး၊ ပေပါ၊အိုးခွက်များတွင် ပိုးလောက် လန်းများ ခိုအောင်းနေမှုရှိ/မရှိစစ်ဆေး၍ အဘိတ်ဆေးခပ်ပေးခြင်းများ၊ သွေးလွန် တုပ်ကွေးရောဂါကြို တင်ကာကွယ်ရေးနည်းလမ်းများအား သရုပ်ပြခြင်းနှင့်အသိပေး ပြောကြားခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

၎င်းနောက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများအား ကင်းရုံးရပ်ကွက်၊ ရွာမရပ်ကွက်၊ မြို့မရပ် ကွက်တို့တွင် ဇွန်လ(၁၈)ရက် မှစတင်ကာအပတ် စဉ်သောကြာနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

 

ရွှေရည်ဝင်း