နေပြည်တော်အဝင် လယ်ဝေးမြို့နယ် တောင်စဉ်အေးဂိတ်တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်အသစ်ဆောက်လုပ်ရန်အတွက်ကွင်းဆင်းစစ်ဆေး

လယ်ဝေး   ဇွန်   ၁၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် တောင်စဉ်အေးကျေးရွာအနီး နေပြည်တော်အဝင်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်အသစ် ဆောက်လုပ်ရန် အတွက် ယမန်နေ့ညနေ(၅)နာရီက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က နေပြည်တော်အဝင်ဂိတ်ဖြစ်သည့် လယ်ဝေးမြို့နယ် တောင်စဉ်အေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဝင်ရောက် လာသည့်မော်တော်ယာဉ်နှင့် ခရီးသည်များအား ကျန်းမာရေးစစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးပြီးကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် နှင့် Quarantine Centreများသို့ ပို့ဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိရန်ရှင်းလင်းမှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် နေပြည်တော်အဝင် တောင်စဉ်အေးကျေးရွာတွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်အသစ်နှင့် လုံခြုံရေးဘန်ကာဆောက်လုပ်မည့်မြေနေရာအား ကြည်ရှုစစ်ဆေး ပြီး နေပြည်တော်ကောင်စီအတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီရိနွယ်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်းကာ အဆောက်အဦ၊ လျှပ်စစ်မီးနှင့် ရေရရှိရေးတို့အတွက် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရသည်။

ဝေကြည်စန်းအောင်(ပြန်/ဆက်)