အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းမှ ပြည်သူများအား နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေး

ရန်ကုန် ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက  (၂၄)နာရီ လူနာတင် ယာဉ်ကား (၂)စီးဖြင့် ပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်များကို နေ့စဉ် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက် ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ဝါဦး(၂)လမ်းနေ အမျိုးသမီးတစ်ဦး ပေါင်းရိုးကျိုးလူနာ သည် ဆေးရုံသို့ ရန်ချိန်းပြရန် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အကူအညီတောင်းခံသဖြင့် ကြက်ခြေနီ အသင်း(အင်းစိန်)မှ တာဝန်ရှိသူများက လူနာတင်ယာဉ်ကားတစ်စီးဖြင့် အချိန်နှင့် တစ်ပြေးညီ သွားရောက်၍ နေအိမ်မှ ဝိတိုရိယဆေး ရုံသို့ အသွားအပြန်ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယမန်နေ့ နေ့လယ်ပိုင်းက ခရေပင်လမ်းခွဲ၌ ကားတိုက်ခံရပြီး အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသဖြင့် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူ များက အချိန်နှင့် တစ်ပြေးညီ သွားရောက်၍ လူနာအား ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး မြောက်က္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးစည်သူဇော်၊တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့ လုပ်အားရှင်များက လူနာတင်ယာဉ်ကား(၂)စီးဖြင့် ပြည်သူများ၏ ကျန်းမာရေးအခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ အဆိုပါ ဖြစ်ပွားသည့် နေရာများသို့ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပြီး လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသူ သက်ကြီး ဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို