မြောက်ဦး ဇွန် ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ၌ မိုးရာ သီတွင် ခြင်မှ ကူးစက်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲစစ် စနစ်ဖြင့် ပိုးလောက်လန်းသေ (အဘိတ်) ဆေးခတ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ရောဂါသည် မိုးရာသီသို့ရောက်ရှိလာပြီဖြစ်၍ ခြင်ကိုက်ခံရခြင်းကြောင့်သွေးလွန် တုတ်ကွေးရောဂါ ဖြစ်ပွားမှုအများဆုံးကာလဖြစ်သောကြောင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင် ဦးဆောင်ကာ မြို့နယ်ကျန်မာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ် မိသားစုစည်းရုံးနှင့် စည်းကမ်းထိန်းသိန်းရေးကော်မ တီဝင်များက သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းအိမ်ရာရှိ မိသားစုဝင်များသို့ သွားရောက်ပြီး ရေလှောင်ကန်၊ ရေတွင်း၊ ရေကန်များ၌ ပိုးလောက်လန်းသေ(အဘိတ်)ဆေးခတ်ပေးခြင်း၊ တစ်အိမ်တက်ဆင်းသွားရောက်ပြီး ဘုရားစင် ညောင်ရေအိုးများ၊ ပန်းအိုးများတွင် ပိုးလောက်လန်းမကျရောက်စေရန်အတွက် သွေးလွန်တုတ် ဖုံး၊ သွန်၊ လဲစစ် စနစ်ဖြင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်ကျေးရွာများသို့သွား ရောက်ပြီး သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း