ကျောက်ကြီးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်

 

ကျောက်ကြီး ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ကျောက်ကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ယနေ့ မနက်(၁၀)နာရီအချိန်တွင် ပြန်/ဆက် ဝန်ထမ်းများမှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော အသိနှင့်ပညာ စာအုပ်ဖြင့် ရုံးတွင်း စာဖတ်ဝိုင်း ပြုလုပ် ခဲ့ကြောင်းသိရသည်။

ကျောက်ကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သော်ဇင်အောင် က ဝန်ထမ်း များအနေဖြင့် စာဖတ်သည့်အလေ့အထများရရှိလာပြီး၊လုပ်ငန်းခွင်အတွင်းကျွမ်းကျင်မှုရှိရေး ဌာန လုပ်ငန်း များ ဆောင်ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားလားစေရန်၊ စသည့်အကျိုးကျေးဇူးများ ရရှိစေရန် အတွက်စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ် ရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီးရုပ်/သံကျွမ်းကျင်−၃၊စာ/ထောက်−၃နှင့်ရုံးစောင့်ဝန်ထမ်းများမှအသိနှင့်ပညာ၊ပူးပေါင်းဆောင် ရွက်ခြင်း၊ ဘာလို့မဖြစ်နိုင်ရမှာလဲ၊သုတနှင့်မုတအတွေ့အကြုံ၊ ဝန်ဆောင်မှုကောင်းပါမှသာ၊မေတ္တာ၏အရသာ စသည့်ခေါင်းစဉ်များကိုအသီးသီးဖတ်ကြားခဲ့ပြီး မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ စာအုပ်ပါ အကြောင်း အရာများကိုအပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

K ခိုင်ပြန်/ဆက်