သတင်းများ

လှိုင်းဘွဲမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်
Jul 02,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ လှိုင်းဘွဲမြို့နယ်ရုံး ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်း က ပိုင်ကျုံမြို့၊ ကစိုရွာသစ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်ရက်ထဲ (၁၁)ဦး စစ်ဆေးတွေ့ရှိ စုစုပေါင်း (၁၈) ဦးရှိပြီဖြစ်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ အတည်ပြု လူနာ (၁၀၂) ဦးနှင့် ရန်ကုန်ပြန် (၁)ဦး စုစုပေါင်း (၁၀၃)ဦးအား ဇူလိုင် ၁ ရက်နေ့တွင်  RDT(Test Kit) ဖြင့်စစ်ဆေးရာ ကိုဗစ်အတည်ပြုလူနာ (၁၁) ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း ညောင်လေးပင်မြို့နယ်တွင် (၁၈) ဦးရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အမ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး 
Jul 02,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုဖောက်ပြန်ခြင်းများ လျော့နည်းစေပြီး သဘာဝဘေန္တရာယ်များ ကင်းဝေးစေနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က မြတ်စွယ်တော်ဓါတ်ပေါင်းစု ဓမ္မာရုံဝန်းတွင် ပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများဆက်လက်ထုတ်ချေးပေး
Jul 02,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြဧရာ(၁) ခန်းမ၌ ဆက်လက် ထုတ်ချေးပေးသည်။
ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသုံးဦး ထပ်မံတွေ့ရှိ
Jul 02,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ပေါ်၌ ယမန်နေ့ ညနေပိုင်း က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသုံးဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီး အခြေခံစက်ချုပ် သင်တန်းဖွင့်လှစ်
Jul 02,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အမျိုးသမီးအခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက တောင်တွင်းကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jul 02,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး တော်ဝင်ဟံသာစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ၂၀၂၁ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့သည်။
မော်လမြိုင်မြို့၌ မွန်ပြည်နယ်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 02,2021
မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင်ယနေ့နံနက်၁၀နာရီကမွန်ပြည်နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူငယ်သင်တန်းကျောင်း ကလေး များ လေ့ကျင့်သင်ကြားရေး ကျောင်းခန်းမဆောင်၌ ကျင်းပသည်။