ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအား ထင်းများဖြန့်ဝေပေး
Mar 31,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တောပြုန်းတီးမှု လျော့နည်း ကျဆင်းစေရန်နှင့် ပြည်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ထိန်းသိမ်းခဲ့သော သဘာဝတော ထိန်းဧရိယာနှင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ထိန်းသိမ်းခဲ့သော သဘာဝတောထိန်းဧရိယာများမှ ထွက်ရှိသော ထင်းများ အား ကျေးရွာနေပြည်သူများထံ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာနှင့် အင်းကုန်းကျေးရွာအနီးရှိ သဘာဝတောထိန်းဧရိယာစိုက်ခင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။