တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဝင် ဆရာ၊ဆရာမများမှ မြန်မာနိုင်ငံစာကြည့်တိုက်‌များ ဖောင်ဒေးရှင်းသို့ စာအုပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပ

တောင်ဥက္ကလာပ  ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် မြို့နယစာရေးဆရာအသင်းဝင် ဆရာ၊ဆရာမများမှ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁ဝး၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာအောင်ကြည်ညွန့်နှင့် မြန်မာနိုင်ငံ စာကြည့်တိုက်‌‌များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်‌ဆွေတို့မှ အဖွင့်နှုတ်ခွန်းဆက်စကား‌ ပြောကြားခဲ့ပြီး စာရေးဆရာပန်းမျိုးခင်မှ စာအုပ်လှူဒါန်းရခြင်း အ‌ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စာအုပ်လှူဒါန်းကြသော စာရေးဆရာ၊ ဆရာမများ ကိုယ်စား စာရေးဆရာမတစ်ဦးမှ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌကြီးသို့ စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။

အဆိုပါ စာအုပ်လှူဒါန်းမှုတွင် စာရေးဆရာ(၃၆)ဦးမှ စာအုပ်ပေါင်း(၁၆၀၇)အုပ် တန်ဖိုးငွေကျပ် (၂၇၆၄၀၀၀)ကျော် တန်ဖိုးရှိ စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း