သတင်းများ

ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စုအတွင်း၌ နှာခေါင်းစည်း (Mask) အခု (၈၅၀) ဖြန့်ဝေပေး
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စုအတွင်း လမ်းဆုံလမ်းခွများ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဇူလိုင်၂ ရက်နံနက်၇ နာရီ အချိန်မှစ၍ နှာခေါင်းစည်း(Mask)များကို ဖြန့်ဝေပေးခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး နိုင်ရေး အတွက် ကွင်းဆင်းဆောင်ရွက်
Jul 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ တောင်ပိုင်းရပ်ကွက်၊မြသိန်းတန်ဓမ္မာရုံ၌ ယမန်နေ့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူး ရုံးမှဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟော်တောင်ကျေးရွာတွင် လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်လှစ်
Jul 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမူစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲကို နောင်ကျောကျေးရွာအုပ်စု၊ ဟော်တောင်ကျေးရွာဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခွဲ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ( ၁၄ ) ဦးတွေ့ရှိ
Jul 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် ယမန်နေ့ ညနေ (၄)နာရီအချိန်က ဟုမ္မလင်းခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိလာရောက်စစ်ဆေးခံသူ (၃၉)ဦးအား RTD Test Kit ဖြင့်စစ်ဆေးခဲ့ရာ (၁၄)ဦး ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။
မြောက်ဦးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ဖုံး၊ သွန်၊ လဲစစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 02,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် မိုးရာသီအတွင်း သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၈ နာရီ မြို့ပေါ် ရပ်ကွက်များဖြစ်သော လက်ကောက်ဈေး ရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် ညောင်ပင်ဈေး ရပ်ကွက် တို့၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၄၂) ဦးထိရှိလာ
Jul 02,2021
မကွေးတိုင်းဒေသကြီး၊  တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၂) ဦးအထိ ရှိလာပြီဖြစ်‌ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့မှ သိရသည်။
ဝါးခယ်မမြို့တွင် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်
Jul 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံအတွင်း ဒေသအချို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများပြားနေသဖြင့် မိမိတို့မြို့နယ်အတွင်း ကူးစက်ပြန့်နှံ့မှု မရှိစေရန် ရည်ရွယ်၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဝါးခယ်မမြို့၊ ရေကျော်ရပ်ကွက်၊ မြူရုံးလမ်းတစ်လျှောက်နှင့် ဈေးရပ်ကွက်၊ မြို့မဈေးစသည့် လူအသွားအလာ များပြားသည့် နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့၊ ရွှေမော‌ဓောပရိယတ္တိ စာသင်တိုက်ကြီး၏ ကျေးဇူးတော်ရှင် ဆရာတော်ကြီး လွန်တော်မူ (၃၂) နှစ်ပြည့် ကျေးဇူးဆပ်အထိမ်းအမှတ်ပွဲနှင့် နိုင်ငံတော်ဘွဲ့ရ အရှင်မြတ် (၁၀) ပါးတို့အား ချီးကျူးဂုဏ်ပြုပူဇော်ပွဲကျင်းပ
Jul 02,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ရွှေမောဓောပရိယတ္တိစာသင်တိုက်ကြီး၏ ကျေးဇူး တော်ရှင်ဘဒ္ဒန္တကောဏ္ဍညာဘိဝံသ လွန်တော်မူသည့် (၃၂) နှစ်ပြည့် ကျေးဇူးဆပ် အထိမ်းအမှတ် ပွဲနှင့် နိုင်ငံတော်မှဘွဲ့တံဆိပ် ဆက်ကပ်ခြင်းခံရသည့် ဝိနယကောဝိဒ ဘွဲ့ရဆရာတော်(၁)ပါး၊ သာသနာဓဇဓမ္မာစရိယဘွဲ့ရ ဆရာတော်(၈)ပါး၊ သာမဏေကျော်ဘွဲ့ရဆရာတော် (၁)ပါးတို့အား ချီးကျူးဂုဏ်ပြု ပူဇော်ပွဲကို ယနေ့နံနက်(၈)နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။