သတင်းများ

မြို့သစ်မြို့နယ် ဗိုလ်ချုပ်လမ်း​ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Jul 02,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲမှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး ၊ မြို့ အင်္ဂါရပ်နှင့် ညီညွတ်စေရေးအတွက် မြို့တွင်းရပ်ကွက်များရှိဒေသခံပြည်သူများသွားလာမှု လွယ်ကူ စေရန်လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ဂန့်ဂေါမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအားထားရှိ
Jul 02,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ယာယီဆေးရုံကိုဖွင့်လှစ်ပြီး ဇူလိုင် ၁ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၁၄)ဦးအား စတင်ထားရှိနေကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ(၂၈)ဦး ထပ်မံတွေ့ရှိ
Jul 02,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ မြင်းစိုင်းခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ကျောက်ဆည် ခရိုင်အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်တို့ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်ဆံသူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ စစ်ဆေးရာ ပိုးတွေ့ရှိသူ(၂၈)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်များဖြန့်ဝေခြင်း အခမ်းအနားကျင်းပ
Jul 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်များဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ်သစ်တောဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
စလင်းမြို့ပေါ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 02,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါ်တွင် ဖွင့်လှစ်ရောင်းချလျှက်ရှိသော စားသောက် ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်းရှိ/မရှိကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် ပူးပေါင်းအဖွဲ့က စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က သွားရောက်စစ်ဆေးခဲ့သည်။
သံတွဲမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေ
Jul 02,2021
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းလုပ်ငန်းများကို ယနေ့နံနက် ၇ နာရီခွဲအချိန် က သံတွဲမြို့ ဒွါရာဝတီမြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ဖျာပုံမြို့၌ သိမ်းဆည်းမြေများအတွက် မြေယာလျော်ကြေး၊ နစ်နာကြေးနှင့် အသုံးမပြုသည့် မြေယာလွှဲပြောင်း ပေးအပ်ပွဲကျင်းပ
Jul 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမာမြို့စိုက်ပျိုးရေး ဦးစီးဌာနမှ သိမ်းဆည်းခဲ့သော မြေယာများအတွက် လျော်ကြေး၊ နစ်နာကြေးနှင့် အသုံးမပြုသည့် မြေယာများအား မြေပိုင်ရှင်(၃)ဦးထံသို့ လျော်ကြေး၊ နစ်နာကြေးနှင့် မြေယာလွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။