ကျောက်တံခါးမြို့တွင်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူ

 

ကျောက်တံခါး  ဇူလိုင်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်  ကျောက်တံခါးမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များကို ယမန်နေ့က တာဝန်ရှိသူများက စိုက်ထူခဲ့ကြ သည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်ဖြစ်သော ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးဗီနိုင်ဆိုင်းဘုတ်ကို ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ မြို့နယ် ပြည်သူ့ဆေးရုံရှေ့တွင်  ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန်အတွက် စိုက်ထူပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စန်းစန်း