သာယာဝတီမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ(Stay at Home) အစီအစဉ် အကျုံးဝင်

 

သာယာဝတီ   ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် Covid-19 ပိုးတွေ့အတည်ပြုလူနာများ တွေ့ရှိမှုများပြားလာပြီး ပိုးတွေ့နှုန်း မြင့်တက်လာသဖြင့် ဇူလိုင် ၁ ရက်ညပိုင်းက ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနက ၂၀၂၁ ခုနှစ် ဇူလိုင်လ၂ ရက်နေ့ နံနက် ၄ နာရီ မှစတင်၍ သာယာဝတီမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော စည်းကမ်းများကို ပြည်သူများ လိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်းကို ရပ်ကွက်/ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစီအစဉ်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

 သန့်ဇော်