ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကာ နှာခေါင်းစည်း (Mask)များ ထောက်ပံ့ ပေး

မောင်တော ဇူလိုင်  ၂

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကာ နှာခေါင်းစည်း (Mask)များ ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး ဆောင်ရွက် နေ သည့် နေရာများသို့ သွားရောက် စစ်ဆေး ထောက်ပံ့ပေးခဲ့ကြသည်။     

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် စည်ပင် သာယာရေး အမှုဆောင်အရာရှိ  နှင့်  တာဝန်ရှိသူများ က မြို့ပေါ်ရပ်ကွက် များရှိ သတ်မှတ်နေရာအသီးသီးတွင်  ယာယီ မဏ္ဍပ်ငယ် များ တည်ဆောက်ပြီး  ဌာနဆိုင်ရာများ နှင့် ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေးမှူးများမှ ပူးပေါင်းကာ ပြည်သူ များနေအိမ် ပြင်ပ ထွက်ခေါ်လာပါက နှာခေါင်း စည်း(Mask) စနစ်တကျ တပ်ဆင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေ များအား သွားရောက် စစ်ဆေးကာ နှာခေါင်းစည်း(Mask)များထောက်ပံ့ပေးအပ်ပြီး အားပေးစကားပြောကြားခဲ့သည်။

မောင်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားလာသည့်အတွက် အသိ ပညာပေး လုပ်ငန်းများ နှင့်  မြို့အဝင် ၊ အထွက် ဂိတ်များတွင်လည်း  အခြား မြို့များမှ ဝင်ရောက်လာသည့် မော်တော်ယာဉ်များနှင့် လိုက်ပါလာသည့် ပြည်သူများကိုလည်း ကိုယ်အပူချိန် တိုင်း တာ ခြင်း၊ နှာခေါင်းစည်းတပ်ဆင်ပြီးမှ မြို့ အတွင်း သို့ ဝင်ရောက်စေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး