ထားဝယ် ဇူလိုင် ၂
သစ်ပင်သစ်တော၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန် ရည်ရွယ်၍ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၁ ရက်နေ့ က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ သင်တန်းကျောင်းများတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီး ဦးစီးမှူးရုံးနှင့် သင်တန်းကျောင်းများရှိ ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ထားဝယ်)၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (မြိတ်နှင့်ကော့သောင်း) မှ သင်တန်းသား/သင်တန်းသူများ တက်ရောက ခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ၇၀ ပင် ၊ နှစ်ရှည်ပင် ၃၀ ပင် ၊ အရိပ်ရလေကာပင် ၇၂ ပင်၊ စုစုပေါင်း ၁၇၂ ပင် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်