ပန်းတနော်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံ​မော်တော်ဆိုင် ကယ်ပြုပြင်နည်း သင်တန်းဖွင့်လှစ်

ပန်းတ​နော် ဇူလိုင် ၂

၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး ဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်နည်း သင်တန်းကို ကျုံတုံးကလေး ကျေးရွာအုပ်စု အစုကြီးကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇေယျာနိုင်က ကျေးလက်နေ ပြည်သူများ လက်မှုအတက်ပညာ သင်ယူတက်မြောက်စေရန် ရည်ရွယ်ပြီး အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်း ဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် အစုကြီးကျေးရွာ၊ ကြွက်နီကုန်းကျေးရွာ၊ တလိုင်းစုကျေးရွာ၊ ကျုံတုံးကလေး ဘုရားကြီးဘက်ကျေးရွာ၊ မယ်သီလကုန်းကျေးရွာ၊ ဆပ်သေကျေးရွာ၊ အင်းမကျေးရွာ စုစုပေါင်း(၇)ရွာမှ သင်တန်းသား(၂၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ ဇူလိုင် ၁ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)