သတင်းများ

မိုးနဲမြို့၌ Quarantine Centre ဝင်ရောက်နေသော နေရပ်ပြန်ပြည်သူများအား “နမ့်ခုံး” ရှမ်းများ ပရဟိတအသင်းမှ တစ်ကိုယ်ရေသုံး ပစ္စည်းများလှူဒါန်း
Aug 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ တောင်ကြီးမြို့ နမ့်ခုံး ရှမ်းများ ပရဟိတအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မိုးနဲ မြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီနှင့် ပူးပေါင်းကာ (Quarantine Center)တွင် ဝင်ရောက် နေကြသော နေရပ်ပြန်ပြည်သူများအား ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က တစ်ကိုယ်ရေသုံး ပစ္စည်းများလာ‌ရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် အစေ့ထုတ်ပြောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိရန် မျှော်လင့်
Aug 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စိုက်ပျိုး ထားသော အစေ့ထုတ်ပြောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပြောင်းစိုက်တောင်သူ များ ထံကသိရသည်။
ပေါက်မြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအခြေအနေနှင့် စာရင်းဇယားများ ကွင်းဆင်းစစ်ဆေး
Aug 26,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ကျေးရွာလေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အခြေအနေနှင့်စာရင်းဇယားများကို တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။
ကန်ပက်လက်၌ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 26,2020
မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးက အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့တွင် ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းနှင့် ကန်ပက်လက် မြို့ အ.ထ.က (ခွဲ) စာသင်ကျောင်းတို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ တားဆီးကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 26,2020
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ တားဆီးကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရန် ယမန်နေ့ နံနက်(၈)နာရီက လယ်ဝေးမြို့ သီရိရတနာမြို့မဈေးရှေ့၌ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ကျုံ​ပျော်တွင် ခွေးရူး​ရောဂါကင်းစင်​ရေးအတွက် ခွေးအ​ကောင်​ရေ(၃၀၀)အား ကာကွယ်​ဆေးများ အခမဲ့ထိုးနှံပေးခဲ့
Aug 26,2020
ကျုံပျော်မြို့နယ် မွေးမြူ​ရေးနှင့်ကုသရေး ဦးစီးဌာနက ဦးဆောင်ကာ မြို့နယ်အတွင်း ​ခွေးရူး​ရောဂါ ကင်းစင်ပပျောက်​​​စေရန် ခွေးအ​ကောင်​ရေ(၃၀၀)အား ကာကွယ်​ဆေးများ အခမဲ့ထိုးနှံ​ပေးခဲ့ကြောင်း မွေး​မြူရေးနှင့် ကုသ​ရေးဦးစီးဌာနမှူး ဒေါက်တာ ​ဆွေမူဟန်ထံမှ ယနေ့ သိရသည်။
တွန်းဇံမြို့၌ မြို့နယ်ရွေးကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 26,2020
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။