သတင်းများ

ကျောက်မဲမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး တိုက်ကျွေးခြင်းများဆောင်ရွက်
Aug 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းကို မိခင် ကလေးကျန်းမာရေးဌာန၌ လစဉ်လဆန်းပိုင်းတွင် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ် များနှင့် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ရေးကော်မတီ ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကူးမြို့နယ် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ အခြေခံပြည်သူ့ကျန်းမာရေးပညာရှင် သင်တန်းဖွင့်လှစ်ပို့ချ
Aug 07,2020
စဉ့်ကူးမြို့နယ်၌ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ အခြေခံပြည်သူ့ကျန်းမာရေးပညာရှင်သင်တန်းကို စဉ့်ကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဩဂုတ် ၅ ရက်နေ့မှ
ကျိုင်းတုံမြို့၌ မိုးရွာသွန်းမှုကြောင့် ညောင်ပင်ပြိုလဲကျပြီး နေအိမ်တစ်လုံး အမိုးများပျက်စီးကာ လမ်းပိတ်မှုဖြစ်ပွား
Aug 07,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျိုင်းခုံရပ်တွင် ယနေ့ နံနက် ၆ နာရီခွဲခန့်က မိုးရွာသွန်းမှု ကြောင့် ရွာနတ်စင်ဝင်းအတွင်းရှိ ညောင်ပင်ပြိုလဲကျခဲ့ပြီး နေအိမ်တစ်လုံး အမိုးနှင့်ခြံစည်းရိုး အုတ်တံတိုင်းများ ပျက်စီးခဲ့ကာ နောင်ယန်းလမ်းပိတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရေးနှင့် မဲဆန္ဒရှင်များလိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှုနှင့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ပထမအကြိမ်မဲစာရင်းကပ်ထားကြေညာထားရှိမှု (၇) ရက်ထပ်တိုး
Aug 07,2020
ပြည်ကြီးတံခွန်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရေးနှင့် မဲဆန္ဒရှင်များ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှုနှင့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာထားရှိမှု (၇) ရက်ထပ်တိုးထားကြောင်း ပြည်ကြီးတံခွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းက ပြောကြားသည်။
မဲဆန္ဒရှင်စာရင်း ပိုမိုပြည့်စုံမှန်ကန်စေရန် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို (၇) ရက် ထပ်တိုး ကပ်ထားမည်
Aug 07,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကို သတ်မှတ်ပုံစံအတိုင်း ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၇ ရက်နေ့ထိ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာခဲ့သည်။
ကော့ကရိတ်မြို့ ​ရေ​ဘေးသင့်ပြည်သူများအား ​ထောက်ပံ့​ငွေ​ပေးအပ်
Aug 07,2020
ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့တွင် သြဂုတ်လ ၂ ရက်​နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှု​ကြောင့်​ နေအိမ်​ပျက်စီးခဲ့သော မိသားစုဝင်များအား ​​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့​ငွေ​ပေးအပ်ခြင်းကို ယမန်​နေ့မွန်းလွဲ (၂) နာရီချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ နယ်အတွင်း၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။