ပေါင်းတည် ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား ယမန်နေ့ ညနေ ၃ နာရီ အချိန် က မြို့နယ်အတွင်းသို့ လိုက်လံကြေညာပေးလျက်ရှိသည်။
ထိုသို့လိုက်လံကြေညာရာတွင် ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၉ ဦး ရှိနေပြီဖြစ်ကြောင်းနှင့် ထိစပ်လျက်ရှိသော မြို့နယ်များတွင်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများရှိနေသည့်အတွက် မိမိတို့မြို့နယ်အတွင်းသို့ မကူးစက်စေရန် အထူးဂရုပြု သွားလာနေထိုင်ကြရန်၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် Mask များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ဘဲလူစုလူဝေးရှိသော နေရာများသို့ သွားလာ ခြင်းမှရှောင်ကျဉ်ရန်၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ကြရန်စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးနည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာ၍ အချင်းချင်းအသိ ပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုက်လံနှိုးဆော် ပေးလျက်ရှိကြောင်း သိရသည်။
ချစ်နှင်းသုန်