သတင်းများ

ကျောက်တန်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေ
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှင့် ပတ်သက်သောအသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများကို ယနေ့နံနက်က လူစည်ကားရာနေရာတွင် အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်းသိရသည်။
ကသာမြို့နယ်၊ နတ်ရေတွင်းကျေးရွာတွင် Cash For Work စီမံကိန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြင့်သန်း၊ မြို့နယ်ဦးစီးမှူးဦးစိုးသန်းနှင့် တာဝန်ရှိသူများသည် ကသာမြို့ နယ်၊ နတ်ရေတွင်းကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ထိခိုက်မှုကုစားရေးအစီအစဉ်ဖြင့် Cash For Work စီမံကိန်း ဆောင်ရွက်နေမှုအား ဩဂုတ် လ(၆)ရက်နေ့၊ ညနေပိုင်းက ကျေးရွာသို့ သွား‌ ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် တတိယအကြိမ်မြောက် အရပ်ရပ်အခွင့်အရေး လိုင်စင်(၂၄)ခုအား လေလံ ရောင်းချပွဲ ပြုလုပ်
Aug 07,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုးစနစ်ဖြင့် လေလံဆွဲဝယ်ယူရန် ဆန္ဒမပြုသော အရပ်ရပ်အခွင့်အရေးလိုင်စင်(၂၄)ခုအား ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အရပ်ရပ်အခွင့်အရေးလိုင်စင်များ တတိယအကြိမ် ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲ ကျင်းပ
Aug 07,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ် အခွင့်အရေး လိုင်စင်များ တတိယအကြိမ် ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးခန်းမ၌ ကျင်းပခဲ့သည်။
ချမ်းအေးသာစံမြို့နယ်တွင် ပြည့်စုံချမ်းသာ သမဝါယမအသင်း ဖွဲ့စည်း
Aug 07,2020
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးဌာနမှ စီစဉ်ကျင်းပသော ပြည့်စုံချမ်းသာ ငွေစုငွေချေးသမဝါယမအသင်းဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးမှူး ဒေါ်တင်တင်မူနှင့် အသင်းသားများ တက်ရောက်ခဲ့ကြသည်။
လယ်ဝေးမြို့နယ် စမ်းကြီးကျေးရွာနှင့် အင်တိုင်းသာကျေးရွာတို့၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ထုတ်ချေး
Aug 07,2020
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း(VRFP) ချေးငွေများကို ယနေ့ နံနက်(၁၀)နာရီက လယ်ဝေးမြို့နယ် စမ်းကြီးကျေးရွာတွင် ထုတ်ချေး ပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်၍ ပြောင်းရွှေ့နေထိုင်သူများအား ဆန်ရိက္ခာငွေများပေးအပ်
Aug 07,2020
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် နေအိမ်စွန့်ခွာ ၍ ယာယီကယ်ဆယ်ရေးစခန်းများနှင့် နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များတွင် ပြောင်းရွှေ့နေထိုင်ကြသူများ အား ယနေ့ မွန်းတည့် ၁၂ နာရီ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာငွေများ အား မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ (၁)ရက်နေ့မှ (၇)ရက်နေ့အထိ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။