သတင်းများ

မိုးနဲမြို့ ဥယျာဉ်ရပ်ကွက်နှင့် နောင်ကျော့ရပ်ကွက် ရပ်ကွက်ချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်
Jul 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက်နှင့် နောင်ကျော့ရပ်ကွက် ရပ်ကွက်နှစ်ခုဆက်သွယ်ထားသော ကံ့ကော်လမ်းအား လမ်းသားချဲ့ထွင်ခြင်း နှင့်လမ်းအဆင့်မြှင့်တင်ခြင်းကို မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လျာထားရန်ပုံငွေမှ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၏ ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 05,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် မြို့မဈေးကြီးအတွင်း နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် ကိုယ် အပူချိန်တိုင်းတာ‌ပေးခြင်း ဆောင်ရွက်
Jul 05,2021
ရန်ကုန်‌တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုများ မရှိစေရေးနှင့် ကူးစက်ရောဂါအား ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူများနှင့်‌ ဈေး၀ယ်သူများအားနှာခေါင်းစည်း Mask တပ်ဆင်သွား လာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း (၅)ဦးအထိရှိလာ
Jul 05,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဇူလိုင်လ(၄)နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာပေါင်း(၅)ဦး ရှိပြီး  ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် ယဉ်ကျေးလိမ္မာ/ဓမ္မစကူးလ်သင်တန်း သင်ကြားဖွင့်လှစ်
Jul 05,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မဲမဆိတ်ကျေးရွာတွင် ဟိတဓရဖောင်ဒေးရှင်း(ခွဲ) အစီအစဉ်ဖြင့် ကျေးရွာနေလူငယ်များ၊ ကျောင်းသား/သူများအား ယဉ်ကျေးလိမ္မာရှိစေရေးနှင့် ဓမ္မတရားနှင့် ပတ်သက်၍ သိရှိနိုင်စေရန်အတွက် ယဉ်ကျေးလိမ္မာ/စမ္မစကူးသင်တန်းကို မဲဆမိတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းသုံး ပစ္စည်းများလှူဒါန်း
Jul 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ် ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ် လှူဒါန်းမှုကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်
Jul 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် နိုင်ငံတစ်ဝှမ်း ကူးစက်မှုမြင့်မားနေသည့် ကိုဗစ်-၁၉ ရောဂါ မိမိတို့မြို့နယ်အတွင်း ကူးစက်မှု ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ နှာခေါင်းစည်း mask များအား အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် အခမဲ့ ဖြန်ဝေပေးခဲ့ပါသည်။
စဉ့်ကိုင်မြို့နယ် ပင်းချားကျေးရွာတွင် အစိမ်းရောင်ကျေးလက်ဒေဖွံ့ဖြိုးရေး (Green Growth)အသိပညာပေး သင်တန်း ဖွင့်လှစ်
Jul 05,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး ( Green Growth) အသိပညာပေးသင်တန်းကို ယနေ့နံနက် ( ၉)နာရီက ပင်းချားကျေးရွာ မေတ္တာရောင်ခြည် ဓမ္မာရုံတွင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်၊၊