ပြင်ဦးလွင်မြို့ မဲဆန္ဒရှင်စာရင်းအချက်အလက်များ သွားရောက်ကြည့်ရှုရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Aug 07,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို ဇူလိုင်လ (၂၅) ရက်နေ့မှ စတင်ကပ်ထားကြေညာရာ အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး မပျက်မကွက်လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် နှိုးဆော်ခြင်းကိုနေ့စဉ် ညနေ (၆) နာရီ အချိန်မှစ၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ ဦးဆောင်၍ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်၊ ကျေးရွာအလိုက် အသံချဲ့စက်ဖြင့် သက်ဆိုင်ရာရပ်ကွက်အလိုက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုရန် နှိုးဆော်လျက်ရှိကြောင်း သိရသည်။