ပလောက်မြို့၌ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချရန် လိုက်လံအသိပေး ဆောင်ရွက်

ပလောက် ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပလောက်မြို့အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချရန် ပလောက်မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယနေ့ နံနက် ၉ နာရီအချိန်က  လိုက်လံအသိပညာပေးခြင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပလောက်မြို့ရှိ ဌာနဆိုင်ရာများ ကိုဗစ်−၁၉ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပေးမှာကြားခဲ့ပြီး ဆိုင်ထိုင်ရောင်းချမှုများတွေ့ရှိ၊ တိုင်ကြားပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ အသိပေးမှာကြားခဲ့ကြောင်း သိရသည်။

နှင်းမြူလွင