ဟင်္သာတမြို့အမှတ် (၁၅) စက်မူလယ်ယာစခန်းတွင် ကောက်စိုက်စက် မောင်းနှင် ထိန်းသိမ်းမူ (အခြေခံ)သင်တန်း ဖွင့်လှစ်

ဟင်္သာတ၊ ဇူလိူင် ၅
 
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့ အမှတ် ၁၅ စက်မူ လယ်ယာ စခန်းတွင် ကောက်စိုက်စက် မောင်းနှင်ထိန်းသိမ်းမူ (အခြေခံ) သင်တန်းကို ယနေ့ နေ့လယ် ၁၁နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
 
သင်တန်းဖွင့်ပွဲတွင် အမှတ် ၁၅ စက်မူလယ်ယာစခန်း မြို့နယ်ဦးစီးမှူး ဦးစောအေရွန်အယ်သောသီ က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ၊ ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား ကာ ဒုဦးစီးမှူး ဦးဇာနည်အောင်မှ ကိုဗစ်-၁၉ ကာလသင်တန်းစည်းကမ်းများ ကို ရှင်းလင်းတင်ပြပြီး သင်တန်းနည်းပြ ဆရာများ နှင့်မိတ်ဆက် ပေးခဲ့သည်။
 
အဆိုပါသင်တန်း သို့ ဟင်္သာတ မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုများက သင်တန်းသား (၃၀) ဦးတက်ရောက်ကာ ကူဘိုတာ ၆ တန်းသွားစက်များဖြင့် နည်းပြဆရာ ၅ ဦးတို့မှ (၂) ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။
 
ကိုဇော် ( ဟင်္သာတ)