တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၀) ဦး ထပ်မံတွေ့ရှိ

 

တိုက်ကြီး ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ဇူလိုင်လ ၄ ရက်နေ့ က ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၂၀) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထပ်တိုးလူနာများသည်  တိုက်ကြီးမြို့နယ် ဥပ္ပုံကျေးရွာမှ (၂)ဦး၊ လိမ္မော်ခြံကျေးရွာအုပ်စု မြန်မာစုကျေးရွာမှ (၁)ဦး၊ သရက်ချောင်းကျေးရွာမှ (၁)ဦး၊ ကလော့သော့ကျေးရွာမှ (၁)ဦး၊ ဥက္ကံမြို့၊ ကြို့ချောင်းကျေးရွာမှ (၃)ဦး၊ ဥက္ကံမြို့၊ ကျွန်းတော ကုန်းကျေးရွာ မှ (၇)ဦး၊ ဥက္ကံမြို့ သိမ်ကုန်းကျေးရွာမှ (၁)ဦး၊ ဥက္ကံမြို့ သာလိကာရှာကျေးရွာမှ (၁)ဦး၊ ဥက္ကံမြို့ ဘုရင့်နောင်လမ်းမှ (၁)ဦး၊ ဥက္ကံမြို့ ဗန္ဓုလရပ်ကွက် ကန်ဦးကျေးရွာမှ(၂)ဦး စုစုပေါင်း ပိုးတွေ့လူနာ(၂၀)ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ တိုးချဲ့လူနာဆောင်တွင် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ပိုးတွေ့လူနာများဖြင့် ထိတွေ့ဆက်စပ်မိသူများကိုလည်း မြို့နယ်ကိုဗစ်-၁၉စောင့်ကြည့်ရေးစင်တာ (ရွှေဂျိုးဖြူခန်းမ) တွင် အသွားအလာကန့်သတ်စောင့်ကြည့်နိုင် စေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် ဇူလိုင် လ ၄ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာပေါင်း (၅၆)ဦး ရှိလာပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ပရဟိတအသင်းများ နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ခင်နှင်းသက်