သတင်းများ

နောင်ချိုမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ (၅)ဦးထိရှိလာ
Jul 05,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ယမန်နေ့အထိ (၅)ဦးရှိလာကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။
ဒလမြို့နယ်၌  ဒေသခံတောင်သူများ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသ
Jul 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီတွင် လယ်မြေဧကပေါင်း ၄၆၇၄၂ စိုက်ပျိုးနိုင်ရန် လျာထားပြီး မိုးစပါးစိုက်ပျိုးကြသော ဒေသခံတောင်သူဦးကြီးများ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးအထွက်နှုန်း ကောင်းမွန်စေရေးအတွက် ခေတ်မီနည်းပညာဖြစ်သော ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်းကို ယမန်နေ့ က ပျော်ဘွယ်ကြီးစံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာပါက mask တပ်ဆင်ရေး အသိ ပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 05,2021
ရန်ကုန်တောင်ပိုင်းခရိုင် ၊ခရမ်းမြို့နယ်၌ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူတိုင်း  နှာခေါင်းစည်း (Mask) တပ်ဆင်ရေး   အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို    ယနေ့နံနက်(၇)နာရီက ခရမ်းမြို့ လူစည်ကားရာနေရာများ  ဖြစ်သော ကားဂိတ်များ၊ ဆိုက်ကားဂိတ်များနှင့်  ဈေးအဝင်/အထွက် အပေါက်နေရာများ ၊ မြို့အတွင်းသို့ ဝင်ရောက်သည့် လမ်းစုံများတွင် အဖွဲ့များဖွဲ့၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၇ ဦး ထပ်မံ တွေ့ရှိပြီး ရောဂါပိုးတွေ့ရှိသူပေါင်း (၂၆၂)ဦးရှိ
Jul 05,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ် အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ဇူလိုင် ၅ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၇ ဦးထပ်မံတွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ရေစကြိုမြို့နယ် စည်ပင်သာရေးအဖွဲ့မှ ကြေညာချက်အမှတ် (၁/၂၀၂၁) ဖြင့် စား‌သောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်ထုတ်ပြန် 
Jul 05,2021
ရေစကြိုမြို့နယ် စည်ပင်သာရေးအဖွဲ့မှ ကြေညာချက်အမှတ် (၁/၂၀၂၁) ဖြင့်စား‌သောက်ဆိုင် များတွင် ဆိုင်ထိုင်စားသုံးခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ဇူလိုင်လ ၄ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
မြင်းမူမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၀၅) ဦးရှိ
Jul 05,2021
မြင်းမူ ဇူလိုင် ၅ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်မားလျက်ရှိရာ ၂၀၂၁ ခုနှစ် ဇွန်လ ၆ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့ထိ ရောဂါရှာဖွေတွေ့ရှိသူ အတည်ပြုလူနာပေါင်းမှာ (၁၀၅) ဦးထိရှိလာခဲ့ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၁) ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးတွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign နှင့် အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က  မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူလူထု အလေးထားလိုက်နာ ဆောင်ရွက် နိုင်ရေးအတွက်  ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးသူဈေး သားများနှင့် ဈေးဝယ်လာပြည်သူများကို ကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများကို Swab ယူစစ်ဆေးရာ (၁၆)ဦးရောဂါပိုးတွေ့ရှိ
Jul 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေ ရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့ သူများကို Swab ယူ စစ်ဆေး ရာ (၁၆)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။