ရွှေတောင် ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကြိုတင်ကာကွယ် သည့်အနေဖြင့် အပြင်ထွက် သည့်အခါတိုင်း Mask မဖြစ်မနေတပ်ဆင်သွားလာရေး Mask Campaign ကို မြို့မဈေးနှင့် လူစည်ကားသည့် နေရာများတွင် သတ်မှတ်ရက်အတိုင်း ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက အသိပညာပေးဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အသိပညာပေး ဆောင်ရွက်နေမှုများအပြင် ယနေ့ နံနက်ပိုင်းက ရွှေတောင်မြို့အတွင်း ရောင်းချနေသော စားသောက်ဆိုင် များ၊ လက်ဘက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ် ချက် စည်းကမ်းများနှင့်အညီ ရောင်းချနိုင်ရေး အတွက် အသိပေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်၊ ကြက်ခြေနီအဖွဲ့၊ မြို့နယ်မီးသတ်နှင့် အခြားအဖွဲ့ အစည်းများ ပူးပေါင်းပါဝင်သော အဖွဲ့များက မြို့ပေါ် ရပ်ကွက်(၃)ရပ်ကွက်ရှိ စားသောက်ဆိုင်များကို သတ်မှတ်ချက်များ နှင့်အညီ ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း