ရေတာရှည်မြို့နယ်ရှိ အထက်တန်းအဆင့် စာသင်ကျောင်းများ ယာယီပိတ်
Aug 27,2020
ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် စာသင်ကျောင်းများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးနှင့် ဘေးကင်းလုံခြုံစွာ ဖွင့်လှစ်နိုင်ရေးအတွက် ဆန်းစစ်ချက် A အဆင့်ရ၍ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဇူလိုင်လ(၂၁)ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ကြပြီး ဩဂုတ်လ(၂၇)ရက် နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကျောင်းများကို ယာယီပိတ်ထားရန် တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားထားကြောင်းနှင့် ကျောင်းဖွင့်မည့်ရက်ကို တစ်စုံတစ်ရာ ညွှန်ကြားချက် ရှိမှသာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။