တောင်ဥက္ကလာပမြို့နယ်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ

 

 

တောင်ဥက္ကလာပ  ဇူလိုင် ၆

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့် အရေးများဆိုင်ရာကော်မတီ  အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်‌ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ယမန် နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

 

အဆိုပါ အစည်းအ‌ဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော် မတီဥက္ကဋ္ဌဦးအောင်မြတ်မိုးက ကလေးသူငယ်တို့ အသက်အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့် ရှောက်ခွင့်၊ ပါဝင်‌ဆောင်ရွက်ခွင့်တို့သည် အ‌ရေးကြီး‌သော အခန်းကဏ္ဍဖြစ်‌ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိဦးနေဝါထွန်းမှ ကလေးသူငယ်ဖြစ်ရပ်များနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

 

ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးအရာရှိနှင့် တက်ရောက်လာသော မြို့နယ်ကလေးသူငယ်အခွင့်အရေး များဆိုင် ရာ ကော်မတီဝင်များမှ ကလေးသူငယ် အခွင့်အရေးဆိုင်ရာကိစ္စများကို ဆက်လက်ရှင်းလင်း‌ ဆွေးနွေး ပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ က လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

ခင်ဆွေနှင်း