သတင်းများ

ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိစပ်ခဲ့သူများ၊ အနံ့ပျောက်သူများအားယနေ့ စစ်ဆေးရာ(၈)ဦးတွင် ရောဂါပိုး ထပ်မံတွေ့ရှိ
Jul 06,2021
ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိစပ်ခဲ့သူများ၊ အနံ့ပျောက်သူများအားယနေ့ စစ်ဆေးရာ(၈)ဦးတွင် ရောဂါပိုး ထပ်မံတွေ့ရှိ
တံတားဦးမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်
Jul 06,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့ အမှတ်-၂ ရပ်ကွက် မြို့မစည်ပင်သာယာ ဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့နံနက်၇နာရီက Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည် ။
ပွင့်ဖြူမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၉၅၅ ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ၂၄၂ စု ပြုလုပ်ပေးပြီး
Jul 06,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ၂၀၂၁ ခုနှစ် ၊ မေလဆန်းမှ စတင်ကာ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုလ(၁)ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ၉၅၅ ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ၂၄၂ စု ပြုလုပ်ဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ လက်ထောက်မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင် ထံက သိရသည်။
နတ်မောက်မြိုနယ် စိုက်ပျိူးရေးဦးစီးဌာနတွင် မျိုး၊ ဓာတ်မြေသြဇာနှင့် ပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲကျင်းပ
Jul 06,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် မျိုး ၊ ဓာတ်မြေသြဇာနှင့် ပံ့ပိုးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မုဒုံမြို့၌ Oxygen Concentrator စက်(၇)လုံး လှူဒါန်းခဲ့သော အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်
Jul 06,2021
မွန်ပြည်နယ်၊ မုဒုံမြို့၌ ကိုဗစ်-၁၉ရောဂါကုသရေးလုပ်ငန်းတွင် အထောက်အကူပြုသည့် လိုအပ်သော Oxygen Concentrator စက်များလှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်က မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ
Jul 06,2021
 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က  မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသိန်းထွန်းနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက မြို့နယ်အတွင်းလိုက်လံ၍ အသိပညာပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများ လိုက်နာဆောင်ရွက်ရန် အသိပညာ ပေးဗီနိုင်းပိုစတာများ ထားရှိ
Jul 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်‌ရေး ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေး ဗီနိုင်းပိုစတာများကို ယနေ့ နံနက် ၈ နာရီ က သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်များအတွင်းရှိ လမ်းအဝင်အထွတ်ဂိတ်များ၊ ကားဂိတ်များ၊ စျေးများတွင် စိုက်ထူခဲ့ကြကြောင်း သိရှိရသည်။ ဗီနိုင်းပိုစတာများထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားတိုင်းဒေသကြီး  ပြည်နယ်များမှ ခရီးသွားပြည်သူများ လာရောက်ပါက အများပြည်သူအကျိုးကို ရှေးရှု၍ ကျန်းမာရေးနှင့်အားက စား၀န်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်းလမ်းညွှန်အတိုင်း ဆောင်ရွက်ပြီး အပူရှိန်မြင့်တက်ပါကလည်းကောင်း၊ သံသယလက္ခဏာများ တွေ့ရှိပါကလည်းကောင်း၊ လက်ချောင်းထိပ်တွင် pulse Oximeters ဖြင့် သွေးအောက်ဆီဂျင် (So 02) တိုင်းတာခြင်းများ ဆောင်ရွက်ပြီး So 02(၉၂%) ရှိသော ခရီးသွားပြည်သူများအား ခတ္တနားနေစေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင် သွေးတွင်း အောက်ဆီဂျင် ၉၂%နှင့် အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ဆေးစစ်ကုန်ကျစရိတ် သတ်မှတ်နှုန်းထားကို ကာယကံရှင် မှပေးဆောင်ရမည် ဖြစ်ပါကြောင်း၊ကျန်းမာရေးစစ်ဆေးခြင်းအား ရန်ကုန် တိုင်းဒေသကြီး မြို့အ၀င်/ မြို့အထွက် ဂိတ်များတွင် စစ်ဆေးပေးမည်ဖြစ်ကြောင်း စသည်ဖြင့် အသိပေးခြင်းများ ပါရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ် ပိတောက်ငုတ်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ် ပေးခြင်း ကွင်းဆင်း ဆောင်ရွက်
Jul 06,2021
မကွေးတိုင်းဒေသကြီး ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ နတ်မောက်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နတ်မောက်မြို့နယ် ပိတော်ငုတ်ကျေးရွာသို့ နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်ကိုင်ဆောင် ခွင့်ရရှိစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ သည်။