လွိုင်လင်မြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဆောင်ရွက်
Aug 10,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၌ အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး မှ ရဲအုပ် တင်အောင်မိုး နှင့် တပ်ဖွဲ့ဝင်များသည် ၂၀၂၀ ပြည့်နှစ် ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး နှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဉပဒေ ဆိုင်ရာ အသိပညာပေးခြင်း ၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်ကြီး - လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမကြီး နှင့် တောင်ကြီး - လွိုင်လင်-ပင်လုံ လမ်းဆုံများတွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။