ကျောက်ဆည်မြို့နယ်တွင် စီမံကိန်းစိုက်ဧက (၁၅၀)ဧကအတွက် စိုက်ပျိုးရေ အပြည့်အဝ ပေးဝေနိုင်ရေး ရေပြွန်အသစ်လဲခြင်းနှင့် ကျောက်ဆလန်စီခြင်းလုပ်ငန်းများဆောင်ရွက်

ကျောက်ဆည်  ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ  စီမံကိန်းသီနှံစိုက်ဧကများ ရေအပြည့်အဝပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ငမြောင်ရေလွှဲဆည် ရေသောက်စနစ်မှ ငမြောင်မြောင်း၏ ပေတိုင်(၁၄+၇၇၀)နှင့် ပေတိုင်(၁၆+၃၁၇)ရှိ စီမံကိန်းသီးနှံစိုက်ဧက (၁၅၀)ဧကသို့ တိုက်ရိုက်ရေပေးနေသည့် ရေပြွန်အသစ် လဲခြင်းနှင့် ကျောက်ဆလန်စီခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိ ရသည်။

အဆိုပါ ရေပြွန်အသစ်လဲခြင်းနှင့် ကျောက်ဆလန်စီခြင်းလုပ်ငန်းကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှတာဝန်ယူပြီး နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၆၀) အကုန်အကျ ခံကာ အရှည်(၂၀)ပေ၊ အကျယ်(၈)လက်မ ရေပြွန်တစ်ခုနှင့် ပြွန်ထိပ် အထက်ပိုင်းတွင် အရှည်(၁၅)ပေ၊ အမြင့်(၅)ပေ နှင့် ပြွန်အောက်ပိုင်းတွင် အရှည်(၁၅)ပေ၊ အမြင့်(၅)ပေ မြောင်းနံရံ ကျောက်ဆလန်စီခြင်း၊ အလျား(၃၀)ပေ၊ အနံ(၃)ပေ၊ အမြင့်(၃)ပေ၊ မြောင်းကြမ်းပြင် ကျောက်စီခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျှက်ရှိရာ  လုပ်ငန်းများ(၅၀) ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။

 လုပ်ငန်းများ ပြီးစီးပါက စီမံကိန်းသီးနှံစိုက်ခင်းများ ရေသွင်းသည့်အခါနှင့် ရေမလို၍ ရေပိတ် သည့် အခါများတွင် ထိရောက်စွာ ဆောင်ရွက်နို်ငတော့မည်ဖြစ်ရာ သီးနှံစိုက်ခင်းများ အောင်မြင်စွာ စိုက်ပျိုးနိုင်တော့မည်ဖြစ်ကြောင်း  ကုလကျေးရွာမှ ဦးအောင်မြင့်က ပြောပြသည်။

သက်မောင်(ကျောက်ဆည်)