ဝက်လက်မြို့နယ် စဉ့်ပါကျေးရွာ၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုး
Aug 10,2020
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် စဉ့်ပါကျေးရွာတွင် အမှတ် (၆) လယ်ယာ မြေဝန်ဆောင်မှုစခန်းနှင့် ဝက်လက်မြို့ ဝင်းလက်မြေ လယ်ယာဝန်ဆောင်မှု အသင်းတို့ ပူးပေါင်း ၍ တောင်သူ ဦးမိုး၏ လယ်ဧကများကို အစိုပျိုးထောင်စနစ်ဖြင့် ပျိုးထောင်ကာ ယနေ့ နံနက်ပိုင်း မှစ၍ ကောက်စိုက်စက်ဖြင့် စတင် စိုက်ပျိုးကြောင်း သိရသည်။