သတင်းများ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့၊ ပညာရေးမှူးရုံးလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရ၏ အထွေထွေပိုလျှံ ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်
Aug 10,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသ ကြီးအစိုးရ၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ပညာရေးမှူးရုံးလမ်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ ၄ နာရီက လိုက်လံကြီးကြပ်စစ်ဆေးဆောင်ရွက်သည်။
မိုးနဲမြို့နယ် မယ်ဇလီမြိုင်ရွာနေ တောင်သူအချို့ မှိုရှာဖွေ ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ
Aug 10,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မယ်ဇလီမြိုင်ကျေးရွာနေ၊ ဒေသခံ တောင်သူအချို့သည် မိုးရာသီကာလ မှိုလှိုင်လှိုင်ပေါ်ထွက်ချိန်၌ မှိုရှာဖွေ ရောင်းချကြခြင်းဖြင့် ၎င်းတို့ မိသားစု အပိုဝင်ငွေများ ရရှိလျက် ရှိကြကြောင်းသိရသည်။
လမ်းမတော်မြို့နယ် UMFCCI တွင် ကိုဗစ်-၁၉ ချေးငွေလျှောက်လွှာ လက်ခံခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေး
Aug 10,2020
လမ်းမတော်မြို့နယ် UMFCCI တွင် ပြည်နယ်တိုင်း စက်မှုအသင်းများတွင် ကိုဗစ်-၁၉ ချေးငွေလျှောက် လွှာလက်ခံခြင်းနှင့်စပ်လျဉ်း၍ ယမန်နေ့ မွန်းလွဲပိုင်းတွင် အွန်လိုင်းမှ တစ်ဆင့် ဆွေးနွေးခဲ့ကြသည်။
သရက်ခရိုင်၊ အောင်လံမြို့နယ် လူငယ်ရေးရာကော်မတီမှ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်၊ Face Shield၊ ဗီနိုင်းပိုစတာ၊ လက်အိတ်များ လှူဒါန်းခြင်းနှင့် Mask Campaign ဆောင်ရွက်
Aug 10,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ မြို့နယ်လူငယ်ရေးရာကော်မတီမှ နှာခေါင်းစည်း၊ ဟန်းဂျယ်၊ ဖေ့စ်ကာဘာ၊ ဗီနိုင်းပိုစတာ၊ လက်အိတ်များ လှူဒါန်းခြင်းနှင့် Mask Campaign ဆောင်ရွက်မှုကို ယမန်နေ့ နံနက်(၉)နာရီက မြို့ပေါ် Facility Quarantine Centre၊ ကျေးရွာဆေးပေးခန်းနှင့် တိုက်နယ်ဆေးရုံများသို့ သွားရောက်လှူဒါန်းပြီး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Aug 10,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီတွင် နနွင်းဂရက်ကျေးရွာအုပ်စု၌ နိုင်ငံသား စိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ် UMFCCI တွင် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှု များအပေါ် ပြန်လည်ကုစားနိုင်ရန် ကိုဗစ်-၁၉ ချေးငွေနှင့် စပ်လျဉ်း၍ ညီနောင်အသင်းများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး
Aug 10,2020
လမ်းမတော်မြို့နယ် UMFCCI တွင် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက် မှုများအပေါ် ပြန်လည်ကုစားနိုင်ရန် နိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ချေးငွေ လျှောက်လွှာစိစစ်ရေးနှင့်စပ်လျဉ်း၍ ယမန်နေ့ မွန်းလွဲပိုင်းတွင် ညီနောင်အသင်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။
ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကမ်းပြို အိမ်ထောင်စုများအား ထောက်ပံ့
Aug 10,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်အုပ်စု၊ သာစည်ကျေးရွာတွင် ယခုလ (၆) ရက်နေ့က ဖြစ်ပွားခဲ့သော ကမ်းပြိုနေအိမ်(၈)လုံးရှိ
လွိုင်လင်မြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 10,2020
အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လွိုင်လင်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြဝင်း နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် လွိုင်လင်မြို့ အမှတ်(၂)ရပ်ကွက်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။