သတင်းများ

ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း တတိအကြိမ် ဖွင့်လှစ်
Jul 06,2021
ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း တတိအကြိမ် ဖွင့်လှစ်ခြင်းကို ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီ အချိန် က အဆိုပါခန်းမ၌ ဖွင့်လှစ်ပို့ချ ပေးလျက်ရှိကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၁ - ၂၀၂၂ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးသီးနှံနှင့် အခြား မိုးသီးနှံစိုက်ဧက ၉၀၉၈၇ ဧက လျာထား စိုက်ပျိုးသွားမည်
Jul 06,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၁ - ၂၀၂၂ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးသီးနှံနှင့် အခြား မိုးသီးနှံစိုက်ပျိုးဧက ၉၀၉၈၇ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၏ သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။
ဘုတ်ပြင်းမြို့နယ်၌ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း (Green Growth) အသိပေး သင်တန်းနှင့် ကျေးရွာအဆင့်ခေါင်းဆောင်မှု နည်းပြသင်တန်း ဖွင့်လှစ်
Jul 06,2021
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက်က အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း (Green Growth) အသိပေးသင်တန်းနှင့် ကျေးရွာအဆင့်ခေါင်းဆောင်မှု နည်းပြသင်တန်းဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် ပင်ဦးကျေးရွာ၌ လုပ်ကိုင်ရောင်းချသော အုတ်လုပ်ငန်း မိုးတွင်းကာလတွင် အရောင်းအဝယ် အေးလျက်ရှိ
Jul 06,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပင်ဦးကျေးရွာတွင် မိသားစုတစ်ပိုင်တစ်ပိုင် လုပ်ကိုင်ရောင်းချလျက်ရှိသောအုတ်လုပ်ငန်းသည် ယခုမိုးတွင်းကာလတွင်ဝယ်ယူသူနည်းပါး၍ အရောင်း အဝယ်အေးလျက်ရှိကြောင်း အုတ်လုပ်ငန်းလုပ်ကိုင်သူ ဦးမောင်သန်း ထံမှသိရသည်။
ကသာမြို့၌ ၂၀၂၁ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 06,2021
"တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီ ထိန်းသိမ်းကြစို့" ဟူသည့် ဆောင်ပုဒ်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ(၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ကသာပညာရေးကောလိပ်အတွင်း၌ ကျင်းပခဲ့သည်။
မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တောင်တွင်းကြီးမြို့နယ်တွင် ကျင်းပ
Jul 06,2021
မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ရတနာပွင့်လှကန်တော်ကြီး အရှေ့ဘက် ကားလမ်းဘေးဝဲယာတွင် ယနေ့ နံနက်(၈)နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက် စိုက်ပျိုးခဲ့ကြ ကြောင်း သိရသည်။
သထုံမြို့ရှိ လူမှုကူညီရေးပရဟိတအဖွဲ့များထံ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ပေးအပ် လှူဒါန်း
Jul 06,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် အနှိုင်းမဲ့ မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီရေး အသင်းမှ သထုံမြို့နယ်အတွင်းဖွဲ့စည်းထားသည့် လူမှုကူညီရေး ပရဟိတကွန်ရက် (Thaton Rescue Network Team)အဖွဲ့ဝင် အသင်းများထံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခန္တီးမြို့တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့လူနာ (၂၅)ဦးထိ ရှိလာ
Jul 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇူလိုင်လ ၅ ရက်နေ့က သီတာဂူမျက်စိဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် ကျန်းမာရေး စစ်ဆေးဆောင်ရွက်ရာလာရောက် စစ်ဆေးသူ (၁၉)ဦး အနက် (၅)ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သည်။