သတင်းများ

လဟယ်မြို့၌ ကိုဗစ်-၁၉‌ ရောဂါ သံသယရှိသူ (၃၃)ဦးအား RDT test kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တစ်ဦး ထပ်မံတွေ့ရှိ
Jul 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ယမန်နေ့ ညနေပိုင်း (၄) နာရီ အချိန် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ (၃၃)ဦးအား RDT test kit ဖြင့် စစ်ဆေးခဲ့ရာ လဟယ်မြို့နယ် ဟွေကွန်ကျေးရွာနေ အသက်(၁၉)နှစ် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၁၃၁)ဦးထိရှိလာ
Jul 06,2021
ကရင်ပြည်နယ် ဘားအံခရိုင်အတွင်းရှိ ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် လိပ်သိုမြို့တို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၄-၇-၂၀၂၁) ရက်နေ့ထိ(၁၃၁)ဦးရှိပြီးဖြစ်ကြောင်း ခရိုင်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှသိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်‌ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်‌‌ ရေးမှူးများ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီ အချိန်က Mask တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
တပ်ကုန်းမြို့၌ ငွေနှင်းမှိုစိုက်ပျိုးပြုစုနည်းနှင့် မှိုမျိုးထုပ်ပြုလုပ်နည်းသင်တန်းဆင်း
Jul 06,2021
နေပြည်တော်တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ငွေနှင်းမှိုစိုက်ပျိုးပြုစုနည်းနှင့် မှိုမျိုးထုပ်ပြုလုပ်နည်းသင်တန်းဆင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ကိုဗစ်-၁၉ရောဂါကာကွယ်ရေးညွန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဖာပွန် မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း (၃)ဦးထပ်မံတွေ့ရှိ
Jul 06,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဇူလိုင်လ(၅)နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာပေါင်း(၈)ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ရွှေတောင်မြို့၌ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချရန် လိုက်လံအသိပေး ဆောင်ရွက်
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင် များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချရန် ရွှေတောင်မြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက ယနေ့ နံနက် ပိုင်းက လိုက်လံအသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၂)ဦး တွေ့ရှိထားပြီး ကြပ်မတ် ကုသဆောင်ရွက်ပေး
Jul 06,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ဇွန်လ ၃၀ ရက် နေ့မှစ၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ စတင်တွေ့ရှိခဲ့ပြီး ဇူလိုင် ၅ ရက်(ယမန်နေ့)တွင်လည်း (၅)ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ ယခုအချိန်ထိ ရောဂါပိုးတွေ့ရှိသူ (၁၂)ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၂ ဦး ထပ်မံတိုးလာ၍ အတည်ပြု လူနာပေါင်း ၁၈၆ ဦးအထိရှိ
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ဇူလိုင် ၄ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုး စစ်ဆေး တွေ့ရှိသူပေါင်း(၁၇၄)ဦးရှိခဲ့ပြီး ဇူလိုင် ၅ ရက်နေ့တွင် ၁၂ ဦး ထပ်မံ စစ်ဆေးတွေ့ရှိသဖြင့် ရောဂါပိုးစစ်ဆေးတွေ့ရှိ အတည်ပြုလူနာ စုစုပေါင်း ၁၈၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။