မင်းလှမြို့ တာဘောင်ကြီးလမ်း၌ ရေစီးရေလာကောင်းမွန်စေရေး အုတ်ရေမြောင်း ပြုလုပ်
Jul 06,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့သန့်ရှင်းသာယာလှပစေရေးအတွက် မိုးရာသီကာလ အတွင်း ရေစီးရေလာကောင်းမွန်စေရန်၊ ရေမြောင်းအတွင်း အမှိုက်များပိတ်ဆို့မှုမရှိစေရန်နှင့် ခြင်များ ပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍရေးနှစ် ရန်ပုံငွေဖြင့် တာဘောင်ကြီးလမ်း အုတ်ရေမြောင်းဒုတိယအပိုင်းကို ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။