ပျဉ်းမနားမြို့အရှေ့ခြမ်းရှိ တောင်ပေါ်ဒေသကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကြေညာထားမှုနှင့် မဲရုံများလျာထားဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
Aug 10,2020
ဒက္ခိဏခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ပျဉ်းမနားမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအရာရှိနှင့်အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲ(၄)နာရီတွင် ပျဉ်းမနားမြို့အရှေ့ခြမ်းရှိ တောင်ပေါ်ဒေသဖြစ်သော သစ်တွန်းအုပ်စု၊ ဆန်းသစ်လွင်ကျေးရွာနှင့် မဲပေါက်အုပ်စု၊ ဂမုန်းတောင်ကျေးရွာများသို့ ကွင်းဆင်းပြီး မဲဆန္ဒရှင်စာရင်းများကြေငြာထားရှိမှုအခြေအနေများနှင့် မဲရုံနေရာ လျာထားသတ်မှတ်ထားရှိမှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်းနှင့်စပ်လျဉ်း၍၊ တောင်းဆိုလွှာ၊ ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဖြည့်စွက် ဆောင်ရွက်ပေးခဲ့ကြသည်။