သတင်းများ

တာလေမြို့တွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေးနှင့် ဈေးသူဈေးသားများ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရေး ကွင်းဆင်းဆောင်ရွက်
Jul 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ မြို့အတွင်း သွားလာနေကြသော မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်း (Mask) ဝတ်ဆင်သွားလာရေး၊ ဈေးသူဈေးသားများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့အတွက် မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေး ကော်မတီ အဖွဲ့တို့သည် တာလေတပ်နယ်ဈေးအတွင်း ယနေ့နံနက် ၇ နာရီ က ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများ လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဗီနိုင်းပိုစတာများထားရှိ
Jul 06,2021
ရန်ကုန်တိုင်းဒေသကြီး ၊ အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်‌ရေး ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေး ဗီနိုင်းပိုစတာများကို ယမန်နေ့ နေ့လယ် ၃ နာရီက ရန်ကင်းမြို့နယ် ရပ်ကွက်များအတွင်းရှိ လမ်အဝင်အထွတ်ဂိတ်များ စျေးများတွင် စိုက်ထူခဲ့ကြကြောင်း သိရှိရသည်။ ဗီနိုင်းပိုစတာများထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ခရီးသွားပြည်သူများ လာရောက်ပါက အများပြည်သူအကျိုးကိုရှေးရူ့၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်းလမ်းညွှန်အတိုင်း ဆောင်ရွက်ပြီး အပူရှိန်မြင့်တက်ပါက လည်းကောင်း၊ သံသယလက္ခဏာများ တွေ့ရှိပါကလည်းကောင်း၊ လက်ချောင်းထိပ်တွင် pulse Oximeters ဖြင့် သွေးအောက်ဆီဂျင် (So 02) တိုင်းတာခြင်းများဆောင်ရွက်ပြီး So 02(၉၂%) ရှိသော ခရီးသွားပြည်သူများအား ခတ္တနားနေစေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင် သွေးတွင်းအောက်ဆီဂျင် ၉၂%နှင့် အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ဆေးစစ်ကုန်ကျစရိတ်သတ်မှတ်နှုန်းထားကို ကာယကံရှင်မှ ပေးဆောင်ရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးစစ်ဆေးခြင်းအား ရန်ကုန်တိုင်းဒေသကြီး မြို့အ၀င်/ မြို့အထွက် ဂိတ်များတွင် စစ်ဆေးပေးမည်ဖြစ်ကြောင်း စသည်ဖြင့် အသိပေးခြင်းများ ပါရှိကြောင်းသိရသည်။
တာလေမြို့တွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေးနှင့် ဈေးသူဈေးသားများ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရေး ကွင်းဆင်းဆောင်ရွက်
Jul 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ မြို့အတွင်း သွားလာနေကြသော မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်း (Mask) ဝတ်ဆင်သွားလာရေး၊ ဈေးသူဈေးသားများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့အတွက် မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေး ကော်မတီ အဖွဲ့တို့သည် တာလေတပ်နယ်ဈေးအတွင်း ယနေ့နံနက် ၇ နာရီ က ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် အနံ့ပျောက်သူ ၂ ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိ
Jul 06,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် အမှတ်(၂)ရပ်ကွက် နေ အသက် (၄၇)နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် ၎င်း၏သားဖြစ်သူ (၁၇)နှစ်အရွယ် အမျိုးသား ၁ ဦး စုစုပေါင်း ၂ ဦးသည် အနံ့မရရှိသဖြင့် ယနေ့ မွန်းလွဲ ၁နာရီ ခွဲ ၌ မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများက RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ ၂ ဦးလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။ အဆိုပါ
ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများတွင်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းများ ကွင်းဆင်းဆောင်ရွက်
Jul 06,2021
ကရင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ဘားအံမြို့နယ် ကော့တရုတ်ရကျေးရွာအုပ်စု ခလောက်နိုင်း ကျေးရွာရှိတကုံးပနော် ဘုန်းတော်ကြီးကျောင်းတွင် သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ကျိုင်းတုံ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှာခေါင်းစည်းများအခမဲ့ဝေငှပေး
Jul 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများအခမဲ့ဝေငှပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့မဈေးကြီးအတွင်း၌ တာဝန်ရှိသူများမှပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Covid-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့အဝင်ပေါက်တွင် ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များဖြင့် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးပေး
Jul 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် Covid-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားလာမှုမရှိစေရေးအတွက် မြို့အဝင်ပေါက်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီထိ ဆီဆိုင်မြို့အဝင်ပေါက်တွင် ဖြတ်သန်းသွားလာသော ရဟန်းရှင်လူမိဘပြည်သူများအား ကိုယ်အပူချိန်များတိုင်းတာစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသူများအား ကိုယ်တိုင်ဝယ်ယူတပ်ဆင်စေသောစနစ်ဖြင့် ဆောင်ရွက်လျက်ရှိ သည်။
ကော့ကရိတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်
Jul 06,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်၌ မိုးဦးကာလအတွင်း ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ခြင်နှိမ်နင်းရေး လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီအချိန်က တာဝန်ရှိသူများက အမှတ်(၁)ရပ်ကွက် ရှမ်းပိုင်းရပ်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။