စဉ့်ကိုင် ဇူလိုင်− ၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး ( Green Growth) အသိပညာပေးသင်တန်းကို ယနေ့နံနက် (၁၀)နာရီက ကြည်ရွာကျေးရွာ ဘက်စုံသုံးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်၊၊
ရှေးဦးစွာ စဉ့်ကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင် က အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth) အသိပညာ ပေးသင်တန်း ဖွင့်လှစ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာခင်သန္တာထူးက ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးနှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သောရောဂါများ၊ ကြိုတင်ကာကွယ်ရမည် နည်းလမ်းများနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စိုးစိုးက တောင်သူများမြေဆီလွှာတိုက်စားမှု ကာကွယ်ရန် ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ်များ၊ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းက ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးတို့ကို အသိပညာပေး ရှင်းလင်းပြောကြား ခဲ့ကြသည်။
အဆိုပါ အသိပညာပေးသင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်
ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီဆောင်ရွက်ခဲ့ပြီး ကြည်ရွာကျေးရွာမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ (VDP)ကျေးရွာစီမံကိန်းတို့မှ ကော်မတီအဖွဲ့ဝင် (၃၀)ဦး တတ်ရောက်ခဲ့ကြောင်းနှင့် ကျေးလက်နေပြည်သူများ လှုမှုဘဝတိုးတက်မြင့်မားလာစေရန် သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ် ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်မြင့်ခိုင်ထံက သိရသည်။
အောင်ပိုင်ပိုင်ကျော်