အိမ်မဲ ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခမ်းမတွင် အိမ်မဲမြို့နယ်အတွင်း ကိုဗစ်(၁၉)ကာလအတွင်း ကုန်စည်စီးဆင်းမှု မပြတ်လပ် စေရေးနှင့်ကိုဗစ်(၁၉)ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နေ့ မွန်းလွဲ ၂ နာရီ အချိန်ကကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးကောင်းမြတ်စံ က"(ပုသိမ်၊မြောင်းမြ၊သာပေါင်း) Stay at Home သုံးမြို့နယ်ကနေလာတဲ့သူတွေကို မဖြစ်မနေ Quarantine ထားရှိရေး၊ Stay at Home မြို့နယ်(တိုင်းတွင်း)သို့ သွားမဲ့ခရီးသည်တင်ကားများနှင့် ကုန်ကားတွေကို မြို့ထိပ်မှာပဲထားပြီး ကုန်တွေနဲ့ကားကို ပိုးသတ်ဆေးဖျန်းယာဉ် မောင်းချိန်းပြီး ကုန်စည်စီးဆင်းမှုမပြတ်လပ်စေရေးအတွက် မြို့တွင်းသို့ အဝင်ခံမည်ဖြစ်ကြောင်း" ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူးဦးဇော်မြင့်ထွေးက" ကိုဗစ်(၁၉)ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ အိမ်မဲမြို့နယ် အတွင်း ကျေးရွာအုပ်စု (၉၇)အုပ်စုမှာကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေး၊ ကူးစက်ပြန်နှံ့မှု မရှိစေရေးအတွက် ကျေးရွာအုပ်စုတစ်အုပ်စုလျှင် Facility Quarantine (၁)ခုစီဆောင်ရွက် ထားရှိကြောင်း"ပြောကြားသည်။
ယင်းနောက်"အိမ်မဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးကျော်အောင် က"Stay at Home မြို့နယ်ကလာတဲ့သူတွေကို အိမ်မဲမြို့နယ် Quarantine Centre (မိုးကုတ်အဖွဲ့ခွဲအမှတ်စဉ်၂၉)တွင် ထားရှိမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်(၁၉)ပိုးတွေ့လူနာများကို ယာယီဆေးရုံ(မြို့နယ်အားကစားခန်းမ)တွင်ထားရှိပြီး ကုသ ပေးမည် ဖြစ်ကြောင်းနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို"ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ် လုပ်ငန်းယာဥ်များစနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီဝင်များ၊မြို့နယ်ခရီးသည်တင်ယာဉ် ပိုင်ရှင်နှင့်ကုန်ကားပိုင်ရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)