သတင်းများ

သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၃ ဦး ထပ်တိုးတွေ့ရှိ
Jul 08,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့ နံနက်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၃ ဦး ထပ်တိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အဖွဲ့မှ သိရသည်။
ကျိုင်းတုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု
Jul 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး နှင့် ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဇူလိုင်လ ၅ ရက်နေ့မှစတင်၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ညွှန်ကြားထားကြောင်းသိရသည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 08,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၁၂/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 08,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း လတ်တလောအသက်ရှုလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင် ရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်
Jul 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေးအတွက် မြို့မစည်ပင်သာယာစျေးအတွင်းရှိ စျေးဆိုင်ခန်းများအား ယနေ့နံနက် ၁၀ နာရီခန့်က ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ရောဂါကာကွယ်ရေးအတွက် မြို့အဝင်ဂိတ် ပြန်လည်ဖွင့်လှစ်၍ စစ်ဆေးမှုများ ဆောင်ရွက်
Jul 08,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တတိယလှိုင်းအဖြစ် ပြန်လည်ဖြစ်ပွားလာသော ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်ဂိတ် ပြန်လည်ဖွင့်လှစ်၍ စစ်ဆေးမှုများ ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ် (၆) ရပ်ကွက် မြို့နယ်စက်မှုလယ်ယာရုံးရှေ့ ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်
Jul 08,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အိမ်ထောင် စုလူဦးရေစာရင်း(၇၅)ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၂၁)ခုအား ပေးအပ်သည့်အခမ်းအနားကို ယနေ့၊ နံနက်(၁၀) နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနရုံး ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
နောင်ချိုမြို့ ဂေါ်ရခါး လူမှုကူညီရေးအသင်းမှ မြို့ပေါ်ရုံးများနှင့်ကံကြီးလမ်းတစ်လျှောက် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်
Jul 08,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့ဂေါ်ရခါး လူမှုကူညီရေးအသင်းမှ ပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ကံကြီးလမ်းတစ်လျှောက် ပိုးသတ် ဆေးဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။