ကျိုင်းလပ်မြို့၌ ကလေးငယ်များအား ဗီတာမင်(A)နှင့် သံချဆေးများတိုက်ကျွေး
Aug 14,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ နမ့်ငေါ့ကျေးလက် ကျန်းမာရေး ဦးစီးဌာနခွဲမှ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ၆ လမှ ၉ နှစ်အရွယ်ကလေးများအား ဗီတာမင်(A)နှင့် သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက် ၆ လမှ ၅ နှစ်အထိ ကလေးများအား ဗီတာမင်(A)ကိုလည်းကောင်း၊ အသက် ၂ နှစ်မှ ၉ နှစ်အထိ ကလေးများအား သန်ချဆေးကို လည်းကောင်း တိုက်ကျွေးခဲ့ကြောင်း သိရသည်။