သတင်းများ

ကျောက်တံတားမြို့နယ်တွင် "မြို့လမ်းသာစီမံကိန်း"အ​ကောင်အထည်​ဖော်​ရေးလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပ
Aug 14,2020
​ကျောက်တံတားမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊အစည်းအ​ဝေးခန်းမတွင် သြဂုတ်လ(၁၃)ရက်​နေ့​နေ့လယ်(၁၂း၃၀)နာရီက လွှတ်​တော်ကိုယ်စားလှယ်များ ၊မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့လမ်းသာစီမံကိန်း အ​ကောင်အထည်​ဖော်​ရေး လုပ်ငန်းတာဝန်ခံ များ တွေ့ဆုံကာ ​ကျောက်တံတားမြို့နယ်အတွင်း အ​ကောင်အထည်​ဖော်​ဆောင်ရွက်မည့် " မြို့လမ်းသာစီမံကိန်း"လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကိုကျင်းပခဲ့​ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ပုံမှန်ဝင် ငွေမရှိ သော အခြေခံလူတန်းစား အိမ် ထောင်စုများအားတတိယအကြိမ် ထောက်ပံ ငွေ ပေးအပ်
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင် မြို့နယ် တွင်ကိုဗစ်-၁၉ဖြစ်ပွား​နေစဥ်ကာလ အတွင်း နိုင်ငံ​တော်အစိုးရက ပုံမှန် ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား​ထောက်ပံ့​ပေးလျက်ရှိရာနိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့​ငွေများအားပြည်သူများ လက်ဝယ် ရောက်
နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ IDPs (Camps) စခန်းများတွင် ထုံးအိတ်များနှင့် လက်ဆေးဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်
Aug 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်တွင် ဖွင့်လှစ်ထားသော IDPs(Camps) စခန်း(၆)ခု အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ လက်ဆေးဆပ်ပြာခဲများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်စာရင်း စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်
Aug 14,2020
မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်စာရင်း စိစစ်ရေးလုပ်ငန်းများကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့ နံနက်ပိုင်း၌ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ကသာခရိုင်၊ အင်းတော်မြို့နယ် စဉ့်ခိုးကျေးရွာနှင့် ကူးကာကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအား ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများထုတ်ပေး
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပုန်းဟုန်ကျေးရွာအုပ်စု၊ စဉ့်ခိုးကျေးရွာနှင့် ကူးကာကျေးရွာအား ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများအား ယနေ့ နံနက် ၁၁ နာရီ အချိန်က အင်းတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ ကော်မတီဝင်များက ဒေသခံပြည်သူများအား စဉ့်ခိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်လည်းကောင်း၊ ကူးကာကျေးရွာ စာသင်ကျောင်းတွင်လည်းကောင်း အသီသီးထုတ်ပေးခဲ့ကြောင်း သိရသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့တွင် အများပြည်သူအသိပညာတိုးပွားစေရေးအတွက် အသိပညာပေးနံရံကပ်စာစောင်များပြသ
Aug 14,2020
မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်(၁)တွင် ပြည်သူလူထုများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယနေ့၊ နံနက်(၉)နာရီက ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။
ဝက်လက်မြို့နယ် နဘဲပင်လှကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ရန်ပုံငွေ လက်ဝယ်အရောက်ထုတ်ချေး
Aug 14,2020
စစ်ကိုင်းတိုင်ဒေသကြီး၊ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် နဘဲပင်လှ ကျေးရွာတွင် အကောင် ထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေကို ယမန်နေ့ ညနေက လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လင်းခေးခရိုင်၌၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စား လှယ်လောင်းအမည်တင်သွင်းလွှာများ စတုတ္ထနေ့စစ်ဆေး
Aug 14,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ယနေ့ နံနက်(၁၀)နာရီမှစတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် လင်းခေးခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် တင်သွင်းလွှာများ စိစစ်ခြင်းကိုလင်း‌ခေးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ စတုတ္ထနေ့အဖြစ် စိစစ်ခဲ့ကြသည်။