နောင်ချိုမြို့ ဂေါ်ရခါး လူမှုကူညီရေးအသင်းမှ မြို့ပေါ်ရုံးများနှင့်ကံကြီးလမ်းတစ်လျှောက် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်

နောင်ချို ဇူလိုင် ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့ဂေါ်ရခါး လူမှုကူညီရေးအသင်းမှ ပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ကံကြီးလမ်းတစ်လျှောက် ပိုးသတ် ဆေးဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့ဂေါ်ရခါးလူမှုကူညီရေးအသင်းအတွက် လိုအပ်နေသော Hijet အမျိုးအစား မော်တော်ယာဉ် အား ဘူတာရပ်နယ်မြေ (၁) မှ ဦးအာနန်သားပူရီး+ဒေါ်ရာဒီကားပူရီ မိသားစုမှ လှူဒါန်းပေးခဲ့ပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သည့်နေရာများအား ဆေးဖျန်းခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဂေါ်ရခါး လူမှုကူညီရေးအသင်းအနေဖြင့် နောင်ချိုမြို့နယ်အတွင်း လူမျိုးဘာသာ မခွဲခြားဘဲ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများကို တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဂေါ်ရခါးလူမှုကူညီရေးအသင်းမှ သိရသည်။

ထွေးငယ်